နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် အလှူရှင်များလာရောက်လှူဒါန်းမှုများကို ကြည်ရှုအားပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းမှုများဆောင်ရွက်ကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။