နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံပွဲကျင်းပ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ စနစ်ကျလယ်ယာမြေ၊ ဧက ၂၀၀ ရှင်းလင်းဆောင်တွင် ကျင်းပသည့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကောက်စိုက်စက်၊ ဆီဒါတို့ဖြင့် လက်တွေ့ စိုက်ပျိုးခြင်း တောင်သူအသိပညာပေးတွေ့ဆုံပွဲသို့ တက်ရောက်သည်။