နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း မြေနမူနာဓာတ်ခွဲစမ်းသပ်နိုင်ရေးနှင့် နမူနာကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်အတွင်း ဓာတ်ခွဲစမ်းသပ်နိုင်ရေးအတွက် မြေနမူနာကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲ တက်ရောက်

နေပြည်တော်ကောင်စီ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကို ယမန်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဇမ္ဗူသီရိမြို့နယ်၊ သမဝါယမဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပုဗ္ဗသီရိမြို့နယ်အတွင်း နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်း ဆောင်ရွက်သည့် သမဝါယမအသင်းအမှုဆောင်များနှင့် တွေ့ဆုံ

ပုဗ္ဗသီရိမြို့နယ်အတွင်း နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (သက်တန့်ရောင်)စီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းအမှုဆောင်များနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီလ ၇ ရက် မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်သို့ သွားရောက်ပြီး သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ဧက(၂၀၀) စိုက်ပျိုးရေး ရှင်းလင်းဆောင်အနီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်တံမြောင်းအမှတ်(၁၁) အားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် အနိမ့်တင် solar pump အသုံးပြုပုံရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့တက်ရောက်

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ပျဉ်းမနားခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက တောင်သူများနှင့်တွေ့ဆုံကာ အနိမ့်တင် solar pump အသုံးပြုပုံရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေး နည်းပညာပေး ဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက  ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ သစ်လေးလုံးနှင့် နတ်သရဲကျေးရွာ တောင်သူများ၏ ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး မြေချဉ်ငန်ကိန်း လက်တွေ့တိုင်းတာခြင်း လက်တွေ့သရုပ်ပြပွဲအခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းကွင်း၊ ကွင်းအမှတ်(၁၆၂၃/က)၌ မြေချဉ်ငန်ကိန်းလက်တွေ့တိုင်းတာခြင်းနှင့် ဓာတ်ခွဲနမူနာ၊ မြေသားနမူနာရယူဆောင်ရွက်ခြင်းများ စိုက်ပျိုးရေးတောင်သူများကို လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားအား တက်ရောက်သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ