ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၌ အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်း ဖွင့်လှစ်

ဥတ္တရသီရိ မတ် ၁၈

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ကျင်းပရာ အခမ်းအနားသို့ ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဒေါ်သင်းသင်းဦး၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူးက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးကောင်းထက်က ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးအား မတ်လ ၁၄ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့ အထိ စာ‌‌တွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)