တပ်ကုန်းမြို့၌ အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား

တပ်ကုန်း မတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ထူးချွန်ထက်မြက်သောလူငယ်၊ လူရွယ်များဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန (Community Centre) ခန်းမတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် သင်တန်းဆရာမ ဒေါ်သက်မှူးဝေက အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာတို့အား သင်ကြားပို့ချခဲ့သည်။

ထိုသင်တန်းသို့ သင်တန်းသား ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်၍ သင်တန်းတက်ရောက်သည့် သင်တန်းသားများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသီနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဗလာစာအုပ်များပေးအပ်၍လည်းကောင်း၊ သင်တန်းကာလမှာ မတ်လ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့ထိ နေ့စဉ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

‌တင်စိုးလွင်