ဇမ္ဗူသီရိ မတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်သာသနဥပတ္ထမ္ဘကအဖွဲ့အား ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် (၂) ဦးကျော်အောင်၊ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ငွေ၊ ဇမ္ဗူသီရိမြို့နယ် ဥပဒေအရာရှိ ဒေါ်ဆုနှင်းဝေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဒေါ်မေမဉ္ဇူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သာသနဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းအောင်နှင့် အဖွဲ့ဝင်များ၊ သာသနာ့နုဂ္ဂဟဆွမ်းလောင်းအသင်းနှင့် သာသနာမဉ္ဇူဆွမ်းလောင်းအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၅၀) ဦး ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက်ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် (၂) ဦးကျော်အောင်နှင့် ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ငွေတို့မှ ပါဌိပဌာန်မပြန်စာအောင် သံဃာများအား ဆုနှင်းသဘင်နှင့် ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပွဲများအား (၁၀) နှစ်တိုင်တိုင်အကျိုးဆောင်ခဲ့သည့် သာသနဥပတ္ထမ္ဘကအဖွဲ့အား ဂုဏ်ပြုလက်မှတ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းအောင်မှ ကျေးဇူးတင်စကားပြောခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများအား လန်းဆန်းစာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
နီလာ (ပြန်/ဆက်)