နေပြည်တော်ကောင်စီနယ်မြေ

ပုဗ္ဗသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကိုယနေ့နံနက်ပိုင်းတွင် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စုနှစ်အုပ်စုတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက အေးချမ်းသာစံပြကျေးရွာ၊ လူထုဖွံ့ဖြိုးရေးစင်တာ(ခန်းမ)တွင် ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌၊ မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။

ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား စာပေဖတ်ရှုခြင်းမှ ဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် စိုးစံ(ကိုယ်ပိုင်အထက်တန်း‌ကျောင်း) Main Ballroomခန်းမ၌ ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအား စာပေဖတ်ရှုခြင်းမှ ဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအား   သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ညောင်ပင်ကြီးစုကျေးရွာဓမ္မာရုံ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စုတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ခရမ်းစပ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာတွင် မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ‌ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ပင်လောင်းလမ်းမကြီး တောင်ဘက်ကွင်းအမှတ် (၁၆၂၃-ခ) ကွင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ ကော်မ‌တီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘဲကုန်းအုပ်ချုပ်ရေးမှူး ဦးကျော်ဦး၊ ဘဲကုန်းအေးမြင့်သာယာမှ တောင်သူ ဦးအေးဝင်း၊ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံပွဲ  အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ