နေပြည်တော် အောက်တိုဘာ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သောအဆောက်အဦများ ပြန်လည်ပြုပြင်နေမှုနှင့် ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ကံ့ကော်အိမ်ရာသို့သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်းပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ဝန်ထမ်းအိမ်ရာဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များကင်းစင်ပြီး ရေများတင်ကျန်မှုမရှိစေရေးအတွက် ရေနုတ်မြောင်းများစနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က) သို့ သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော (၄) ခန်းတွဲ၊ (၄) ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် လေဆိပ်လမ်းသို့ သွားရောက်ပြီး လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး၊ လမ်းလယ်ကျွန်း တစ်လျှောက် စိမ်းလန်းစိုပြေရေး ရာသီအလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ကတ္တရာလမ်းAC ခင်းကျင်းနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရေး၊ လမ်းပိုင်းများသတ်မှတ်အချိန်အတွင်းအမြန်ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)