နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန်ရည်ရွယ်ကာ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာ၊ ကြို့ပင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား ဦးတင်ဦး၏ မိုးစပါးစိုက်ဧက ၁ ဒဿမ ၃၀ ဧကတွင် ထိုင်းနှံကောက်စပါးမျိုးအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ခေတ်အေးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာ၊ မရင်းကြီးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသား ဒေါ်ခင်ဝင်း၏ မိုးစပါးစိုက်ဧက ၂ ဒဿမ ၅၀ ဧကနှင့် ဦးတင်ဝင်း၏ ၁ ဒဿမ ၂၅ ဧကတွင် ဆင်းသုခစပါးမျိုးများ စိုက်ပျိုးဆောင်ရွက်ထားရှိတို့အား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြု မိန့်ရရှိရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ECCD. Early Childhood Car & Development ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ MOE MYINT (မိုးမြင့်)မူကြို‌ကျောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ KIDS ZONE Child Development Centre (ရင်သွေးငယ်များရပ်ဝန်း) မူလတန်းကြိုကျောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ Star(စတား)မူကြိုစသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ မိုးရွာသွန်း၍ ကျေးရွာချင်းဆက် ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ် လမ်း ရေတိုက်စား ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ သကြားဟင်းအိုးနှင့် တောင်ပို့သာကျေးရွာချင်းဆက်လမ်း၊ ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ်လမ်း တောင်ကျရေကြောင့် ယမန်နေ့ နေ့လယ်ပိုင်းက ရေတိုက်စား ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ ဂတ်ချိုင်းကျေးရွာတွင် ရွှေမြို့နယ်မြေရဲစခန်းမှ ဦးဆောင်ကျင်းပသည့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ နိဗ္ဗာန်လမ်းပြဓမ္မာရုံတွင် ကျင်းပခဲ့ရာ ဒေသခံပြည်သူ ၁၀၅ ဦး တက်ရောက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ကုန်ထုတ်လမ်းများကောင်းမွန်ရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရာဇသင်္ဂဟလမ်းဘေး၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာနှင့် မှန်တောကျေးရွာများရှိ ကုန်ထုတ်လမ်းနှင့် ရေနုတ်မြောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ “ရောင်ခြည်ဦး” စာကြည့်တိုက်၊ ရှောက်ကုန်းကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ