ဇမ္ဗူသီရိ ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိမှု ရှိ/မရှိနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့အား ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပျဉ်းမနားခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ ဇမ္ဗူသီရိမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်းဦးဆောင်သော ပူးပေါင်းအဖွဲ့များဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိမှုရှိ/မရှိနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)