လယ်ဝေးမြို့၊ မြတ်ပညာမွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့၊ မြတ်ပညာမွန်ကိုယ်ပိုင်အထက်တန်း‌ကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးသက်‌နောင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး G-10 မှ မပန်းရနံ့‌ဇော်က “လူငယ်နှင့်စာဖတ်ခြင်း”၊ G-11 မှ မောင်ရန်လင်းအောင်က “လူငယ်နှင့် ကိုယ်ကျင့်တရား”၊ G-11 မှ မနှင်းကိုကိုဇော်က “လူငယ်နှင့်ရည်မှန်းချက်”၊ G-10 မှ မောင်ဝေလျှံလင်းသန့်က “လူငယ်နှင့် Social Media”စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)