နေပြည်တော်ကောင်စီနယ်မြေ

ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ ရေဆင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ (DAR4)ကြံမျိုးစံပြကွက်ရိတ်သိမ်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ ကွင်းအမှတ် (၁၈၉၇)၊ ဦးပိုင်အမှတ်(၂၉)၊ တောင်သူ ဦးခင်မောင်မြင့်၏ လယ်ယာမြေ၌ (DAR4)ကြံမျိုးစံပြကွက်အား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း “ဇမ္ဗူရွှေကြာခန်းမ”၌ကျင်းပရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်ရုံးတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ

(၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပသည်။

လယ်ဝေးမြို့နယ်ရုံးတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ

(၇၇) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

နေပြည်တော်ကလေးပြုစုရေးဌာနနှင့် လယ်ဝေးမြို့နယ်တို့တွင် ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကလေးပြုစုရေးဌာန၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် ကျောင်းသားမိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

တပ်ကုန်းမြို့၌ အောင်ပွဲရရှေ့တန်းပြန်တပ်ရင်းအား သောင်းသောင်ဖြဖြ ကြိုဆို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မူဆယ်နယ်ဘက်မှ စစ်ဆင်ရေးတာဝန်ထမ်းဆောင်၍ ပြန်လည်ထွက်ခွာလာသော အောင်ပွဲရ ရှေ့တန်းပြန်နယ်မြေခံတပ်ရင်းကို ယမန်နေ့ ညနေပိုင်းက သောင်းသောင်ဖြဖြ ကြိုဆိုခဲ့ကြသည်။

တပ်ကုန်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗလာ၊ အလိုက်နှင့် နွားဒုန်းပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗလာ၊ အလိုက်နှင့် နွားဒုန်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မကျီးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၀၀)၊ ကြို့ပင်သာကွင်း၊ ယာယီပြေးလမ်းအရှည် ၇၅၀ ပေဖြင့် စတင်ယှဉ်ပြိုင်ပွဲကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦး‌ဇေယျာလင်း နေပြည်တော် MSME ပြခန်း၊ ရိုးရာအစားအစာပြခန်းများ စီစဉ်ဆောင်ရွက်ရေး၊ မှတ်တမ်းပြုစုရေးနှင့် နေရာချထားရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် နေပြည်တော် MSME ပြခန်း၊ ရိုးရာအစားအစာပြခန်းများ စီစဉ်ဆောင်ရွက်ရေး၊ မှတ်တမ်းပြုစုရေးနှင့် နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ‌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် MSME အသင်းဝင်များ တက်ရောက်ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ