တပ်ကုန်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗလာ၊ အလိုက်နှင့် နွားဒုန်းပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗလာ၊ အလိုက်နှင့် နွားဒုန်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မကျီးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၀၀)၊ ကြို့ပင်သာကွင်း၊ ယာယီပြေးလမ်းအရှည် ၇၅၀ ပေဖြင့် စတင်ယှဉ်ပြိုင်ပွဲကျင်းပခဲ့သည်။

ပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဦးခင်ဇော် ဦးဆောင်ပြီး၊ ပြိုင်ပွဲများတွင် အနယ်နယ်အရပ်ရပ်မှ ပြိုင်ပွဲဝင်မည့်နွားများ၊ လှည်းများဖြင့် ပြိုင်ပွဲဝါသနာရှင်များ လာရောက်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲဆုများကို ဇန်နဝါရီ  ၅ ရက်နေ့တွင် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

တင်စိုးလွင်