တပ်ကုန်း ဇန်နဝါရီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မူဆယ်နယ်ဘက်မှ စစ်ဆင်ရေးတာဝန်ထမ်းဆောင်၍ ပြန်လည်ထွက်ခွာလာသော အောင်ပွဲရ ရှေ့တန်းပြန်နယ်မြေခံတပ်ရင်းကို ယမန်နေ့ ညနေပိုင်းက သောင်းသောင်ဖြဖြ ကြိုဆိုခဲ့ကြသည်။
ထိုသို့ကြိုဆိုရာတွင် ဧည့်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ နယ်မြေခံတပ်ရင်းမှ အရာရှိနှင့် စစ်သည်များ၊ မိသားစုဝင်များ၊ စုစုပေါင်းအင်အား ၇၀၀ ကျော်တို့က အိုးစည်၊ ဒိုးပတ်နှင့် စံပယ်ပန်းကုံး၊ အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)