ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ဇေယျာသီရိ  ဇန်နဝါရီ  ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ ရေဆင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို ရေဆင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖုန်းဆင့်၊ ဇေယျာသီရိမြိုနယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဆုရဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို “ကြိုဆိုပါသည်စုံညီပွဲတော်”သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်းဖုန်းဆင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြိုနယ်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအဆင့် လူရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊  ရပ်မိရပ်ဖအလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဆုရရှိအောင် သင်ကြားပြသပေးသည့် ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် ကျောင်းသား/သူများ၏ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 ထွန်းလင်း(ဇေယျာမြေ)