နေပြည်တော်ကောင်စီနယ်မြေ

ပုဗ္ဗသီရိမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဇေယျာသီရိခရိုင် ပညာရေးမှူး ဉီးရဲသူရခင်စိုးနှင့် တာဝန်ရှိသူများ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း “ပညာရတနာခန်းမ”၌ကျင်းပရာ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့်ဖြိုးမင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်း၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

နေပြည်တောင်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနား ဘိုးဘွားရိပ်သာ၏ အကြိမ်(၃၂)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမှ ဦးဆောင်ကျင်းပသော ပျဉ်းမနားဘိုးဘွားရိပ်သာ၏ အကြိမ်(၃၂)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပရာ နေပြည်တောင်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာ ကွင်းအမှတ် ၁၆၁၈ ၌ TBLမျိုးစေ့ ထုတ်ကုမ္ပဏီမှ စိုက်ပျိုးမြေ ငါးဧကတွင် ချည်မျှင်ရှည်ဝါ၊ နှမ်း၊ နေကြာနှင့်  ပဲတီစိမ်းသီးနှံများ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ မီးဘေးသင့်အိမ်ထောင်စုအားအားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများပေးအပ်

ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကြီးကြပ်၍   မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၉ နာရီ  ၃၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

ဥတ္တရခရိုင်၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဓာတ်ပုံဝန်ထမ်းများနှင့် သတင်းရေးဝါသနာပါသောဝန်ထမ်းများ သတင်းရေးသားရာတွင် နည်းစနစ်မှန်ကန်စေရန်၊ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားသည့်သတင်းရေးသား နည်းသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း ရည်ရွယ်ချက်များကိုပြောကြားပြီး သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အမှုထမ်းအိမ်ရာများ တည်ဆောက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် အမျိုးသားပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဆေးဘက်ဝင်ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်/လူပျိုဆောင်များ ဆောက် လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်၊ နဝင်းချောင်းတံတား(အဆုံ) အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်း၊ မကျီးကုန်းကျေးရွာတွင် ပိုက်ဆံလျှော် စိုက်ပျိုးနေမှု၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) တွင် နဝင်းချောင်းတံတား(အဆုံ) အရှည်ပေ ၁၉၀ အား လေးလမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

တပ်ကုန်းဒဟတ်ကုန်း သကြားစက်ရုံနှင့် ရာဂီမုန်တိုင်းအလွန် လယ်ယာမြေများ ပြုပြင်ထားရှိမှုများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ကောင်စီဝင်များ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့်ကောင်စီဝင်များသည် တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ တပ်ကုန်းဒဟတ်ကုန်း သကြားစက်ရုံနှင့် ရာဂီမုန်တိုင်းအလွန် လယ်ယာမြေများပြုပြင်ထားရှိမှုများကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ရာ တပ်ကုန်းဒဟတ်ကုန်းသကြားစက်ရုံမှူး ဦးမြင့်သန်းက သကြားစက်တည်နေရာ၊ စက်ရုံစတင်တည်ဆောက်မှု၊ သတ်မှတ်စက်စွမ်းအား၊ သကြားထုတ်လုပ်သည့်နည်းစနစ်၊ ထုတ်လုပ်သည့် သကြားအမျိုးအစား၊ တစ်ရာသီအတွက် လိုအပ်သည့် ကြံစိုက်ဧက၊ ကြံတန်ချိန်၊ ကြံသယ်ယာဉ်၊ လျှပ်စစ်ဓာတ်အား၊ ရေလိုအပ်ချက်များ၊ ၂၀၂၄-၂၀၂၅ ခုနှစ် ကြိတ်ဝါးမည့် ကြံတန်ချိန်နှင့် ထွက်ရှိမည့်ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမြှောင်ရွာ၊ ဘုန်းတော်ကြီးကျောင်းတွင်  ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွေ့ဆုံဆွေးနွေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ