ဥတ္တရသီရိမြို့နယ်၌ (DAR4)ကြံမျိုးစံပြကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊  ကွင်းအမှတ် (၁၈၉၇)၊ ဦးပိုင်အမှတ်(၂၉)၊ တောင်သူ ဦးခင်မောင်မြင့်၏ လယ်ယာမြေ၌ (DAR4)ကြံမျိုးစံပြကွက်အား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲသို့ ခရိုင်၊ မြို့နယ် မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ၅၅ တန်ထွက်ရှိခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)