နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်း တွင် တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက် ကွင်းအမှတ် ၁၄၁၆ နှင့် ၁၄၁၇ ကွင်းတို့တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာနမှ မြေအောက်ရေ စက်ရေတွင်းများတွင် ဆိုလာဖြင့် စိုက်ပျိုးရေပေးဝေရန်နိုင်ရေး လျာထားသည့်နေရာများအား ကြည့်ရှုစစ်ဆေးခြင်း၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ် လယ်ယာမြေများတွင် အောင်မြင်ဖြစ်ထွန်းနေသည့် ဆောင်းဆီထွက် နေကြာသီးနှံစိုက်ခင်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကင်မွန်းတန်းကျေးရွာရှိ ဦးမောင်ဝင်း၏ရွှေစွန်မင်း ပဲခွဲစက်နှင့် ဆီစက်လုပ်ငန်းလည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။