ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဖောင်းလောင်ဆည်ရေသောက် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိူးနိုင်၊ ဒုတိယဦးစီးမှူး ဒေါ်အိဇင်ဝင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆန်းအောင်တို့က ဒေသခံတောင်သူများအနေဖြင့် နွေစပါးနှင့် နွေသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေး၊ ရေမလွှတ်မှီ ရေမြောင်းများကြိုတင်ရှင်းလင်းနိုင်ရေးဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကွင်းအမှတ်(၁၈၈၇)ရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုအာမိုပုလဲမြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေသြဇာတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)