တပ်ကုန်း ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းနှင့် ရွှေးစုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းလမ်း၊ ရွှေဥဒေါင်းကျေးရွာ စာကြည့်တိုက်အဆောက်အဦ ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီခွဲက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါကျေးရွာချင်းဆက်ကွန်ကရစ်ခင်းလမ်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မ အရှည် ၄.၆၃ ဖာလုံလမ်းဖြစ်ကြောင်း၊ ရွှေဥဒေါင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ လှူဒါန်းငွေဖြင့် အနံ ၁၈ပေ၊ အလျား၂၀ပေ အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် စာကြည့်တိုက်အဆောက်အဦဆောက်လုပ်ကြောင်း သိရသည်။
တင်စိုးလွင်