ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တာဝန်ရှိသူများ တွေ့ဆုံ‌ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မရမ်းခုံကျေးရွာရှိ စိုက်ပျိုး၊ စီးပွားအသိပညာပေး စင်တာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထွန်းနှင့် မရမ်းခုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦးတို့က အထွက်နှုန်းကောင်းမွန်‌သော စပါးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်‌ရေး၊ နွေစပါးနှင့် နွေသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေး၊ ရေမလွှတ်မှီ ရေမြောင်းများ ကြိုတင်ရှင်းလင်း နိုင်ရေးဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသည့်ဒေသခံ တောင်သူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)