ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် မတ် ၁

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက စာအုပ်စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ရရှိသည့်ဗဟုသုတများကို ပြန်လည်မျှဝေဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်သုံးသပ်နိုင်ပြီး အသိပညာဗဟုသုတများရရှိစေမည်ဖြစ်သဖြင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြရမည်ဖြစ်ကြောင်း၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်အားကောင်းမွန်စေရေး၊ စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိလာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားပြီး မူကြိုအရွယ်ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် စာပေများ၊ ကလေးစာပေများကို လက်လှမ်းတစ်မီထားရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဟောပြောပွဲအပြီးတွင် အခမ်းအနားတက်ရောက်လာကြသူများက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)