ပုဗ္ဗသီရိမြို့နယ်၌ အသက်(၂)လမှ (၅)နှစ်အထိ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းဆောင်ရွက်

ပုဗ္ဗသီရိ မတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကလေးငယ်များအား ကျန်းမာသန်စွမ်းရေးနှင့်အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လနှင့် (၅)နှစ်မပြည့်မီ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး)တိုက်ကျွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးတိုက်‌ကျွေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအား အသက်(၂)လမှ (၅)နှစ်အထိ ကလေးငယ်များကို စာရင်းရေးသွင်းပြီး ပိုလီယို ရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးခဲ့ပါသည်။

အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) တိုက်ကျွေးခြင်းကို(၂၈-၂-၂၀၂၅) ရက်နေ့မှ (၄-၃-၂၀၂၅ )ရက်နေ့အထိ ကလေးငယ်များ ကျန်ရှိမှုမရှိစေရေး အရှိန်အဟုန်မြှင့် တိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းရွှေရတီ (ပြန်/ဆက်)