နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် အနီးပတ်ဝန်းကျင်များအား မီးဘေးကြိုတင်ကာကွယ်‌ရေး စစ်ဆေးဆောင်ရွက်

၂၀၂၄-၂၀၂၅-ခု ပညာသင်နှစ်၊ မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေး တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ပန်းချီပြပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမ၌ Kay and Kar ပန်းချီပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ် စိုက်ပျိုး‌ရေးကြီးကြပ်မှုကော်မတီမှ နွေစပါးနှင့် နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၏ ဦးဆောင်မှုဖြင့် ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာရှိ တောင်သူအသိပညာပေး စင်တာ(KC)တွင်  နွေစပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်းရှိ Myanmar Agri Foods Co., Ltdမှ ဟင်းသီးဟင်းရွက်အေးခဲ ထုတ်လုပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေး၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာ အုပ်စုရှိ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဟင်းသီး ဟင်းရွက် အေးခဲထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co., Ltd သို့ ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများ၊ ထုတ်ကုန် များ ပြည်ပဈေးကွက်သို့ တင်ပို့နေမှု၊ တောင်သူများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေး၊ ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ရွှေကြာသင်္ကန်းတော် ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် လိုဏ်တော်ကြီးအတွင်း၌ ကိန်းဝပ်စံပယ်တော် မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့ကို (၁၇) ကြိမ်မြောက် ရွှေကြာသင်္ကန်းတော် ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲ အခမ်းအနားကို ၁၃၈၆ ခုနှစ် (တပေါင်းလပြည့်နေ့) ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ အကြိမ် (၂၀) မြောက် ဩဝါဒခံယူပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ အကြိမ် (၂၀) မြောက် ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီတွင် စေတီတော်ရင်ပြင် ဓမ္မာရုံအတွင်း၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် ဒေသခံဩဝါဒစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ နန်ချွန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်း၊ တောင်ညိုကျေးရွာအုပ်စု၊  အောင်ချမ်းသိမ်း‌ကျေးရွာ ဘုန်တော်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ် သင်ကြားပေး‌နေမှုကို ကြည့်ရှုအားပေးပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောင်ချမ်းသိမ်းကျေးရွာ ရေရရှိရေး ရေစင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့၌ ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးမှုကြောင့် မိုးစပါးထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအနက် ပြန်လည်စိုက်ပျိုးခဲ့သူများအား ရန်ပုံငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၅၄)နှင့် (၁၄၅၇)ကွင်းအတွင်း ရာဂီမုန်တိုင်းမတိုင်မီရေကြီးမှုကြောင့် မိုးစပါးထိခိုက်ပျက်စီးခဲ့သည့်  တောင်သူများအနက် ပြန်လည်စိုက်ပျိုးခဲ့သူများအား ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းပြုလုပ်

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်းဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက ဒေါက်တာကျော်စိန် ရေးသားထားသည့် "လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌   ပြုလုပ်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ