တပ်ကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် အနီးပတ်ဝန်းကျင်များအား မီးဘေးကြိုတင်ကာကွယ်‌ရေး စစ်ဆေးဆောင်ရွက်

တပ်ကုန်း မတ် ၁၅

၂၀၂၄-၂၀၂၅-ခု ပညာသင်နှစ်၊ မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေး တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်  ကြီးကြပ်၍ ဒုမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာဖြေဌာနဖွင့်လှစ်ထားသည့် ကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင် မီးဘေးအန္တရာယ်ကင်းဝေးရေး စစ်ဆေးခြင်း၊ ကျောင်းဝန်းအတွင်း ရေကန်များပါမကျန် အရေးပေါ်ရေအသုံးပြုနိုင်ရေး ရေဖြည့်တင်းခြင်းများနှင့် အနီးနေအိမ်များ၊ စျေးဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်မီးသတ်ဖုန်းနံပါတ်များ မြင်သာသောနေရာကပ်ထားရေးနှင့် မီးသုံးစွဲမှုဆိုင်ရာ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)