တပ်ကုန်း မတ် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၅၄)နှင့် (၁၄၅၇)ကွင်းအတွင်း ရာဂီမုန်တိုင်းမတိုင်မီရေကြီးမှုကြောင့် မိုးစပါးထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအနက် ပြန်လည်စိုက်ပျိုးခဲ့သူများအား ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဋ္ဌေးက မိုးစပါးထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအနက် ပြန်လည်စိုက်ပျိုးခဲ့သူများအား ရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် ခရိုင်စိုက်ကြပ်အဖွဲ့၊ မြို့နယ်စိုက်ကြပ်အဖွဲ့တို့က မိုးစပါးစိုက်တောင်သူငါးဦးအတွက် ၇သိန်း၊ ၅သောင်းကျပ်အား တောင်သူများလက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်