ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းပြုလုပ်

ပုဗ္ဗသီရိ မေ ၁၁

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်းဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက ဒေါက်တာကျော်စိန် ရေးသားထားသည့် "လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌   ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးစောမျိုးအောင်(အိုင်ပီမျိုးအောင်)၊ ဦးခင်မောင်ကျော်(ရဲမွန်ကျော်)၊ ဦးစိန်ဝင်းနွယ်(စိန်ဝင်းနွယ်-ဘာသာပြန်)၊ ဦးကျော်လွင်မြင့်(မှော်ဝန်း)၊ ဦးကျော်စိုး၊ အညာသားဗထူး(ကျားတက်မြေ)၊ အောင်ဆွေထက်(ချွေးမြို့တော်)၊ ဦးအောင်ဝေ(ညောင်ခြေထောက်)၊ မောင်ရည်ကျော်(ရူပ)၊ ကာတွန်းအိမောင်၊  ဒေါ်ခင်နန်းဦးတို့က  “လူငယ်လမ်းညွှန်” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသည့် စာဖတ်ပရိတ်သတ်များ၏ သိရှိလိုသည်များအားမေးမြန်းမှုအပေါ် စာရေးဆရာ၊ စာရေးဆရာမများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)