ပျဉ်းမနားမြို့နယ်၌ ပန်းချီပြပွဲ ကျင်းပ

ပျဉ်းမနား မတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမ၌ Kay and Kar ပန်းချီပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပါဝင်ပြသထားသော ပန်းချီကားများမှာ Kay and Kar မောင်နှမနှစ်ယောက်၏ ကြိုးစားအားထုတ်ကာ ရေးဆွဲလေ့ကျင့်ထားသော Acrylic on canvas ပန်းချီအမျိုးအစားနှင့်  Gouache on board ပန်းချီအမျိုးအစား (၂)မျိုးဖြစ်ပြီး စုစုပေါင်း ပန်းချီကား (၇၆)ကား ပြသထားသည်။

ပြပွဲသို့ လာရောက်ကြည့်ရှုကြသူများမှ သဘောနှစ်ခြိုက်သည့် ပန်ချီကား ၂၂ချပ် ၀ယ်ယူအားပေးခဲ့ကြပြီး Kay and Car ပန်းချီမောင်နှမ နှစ်ဦးမှ လက်မှတ်ရေးထိုးပေးခဲ့ကြသည်။

အဆိုပါပန်းချီပြပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပန်းချီဆရာ၊ ဆရာမများ၊ ပန်းချီဝါသနာရှင်များက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပြီး ပြပွဲအား မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၃ ရက်တိုင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)