ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ကျေးရွာများသို့ အသိပညာပေးလှုံ့ဆော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နံ့မှု ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ဒေသခံပြည်သူများက ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ ည ၇ နာရီအချိန်မှစ၍ မြို့ပေါ်ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အသိပေး လှုံ့ဆော်ပေးရင်းဖြင့် ခရီးသွားပြည်သူများထံ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးကြကြောင်း သိရသည်။