ကျိုက်ဒုံမြို့တွင် ဇီဇဝါလမ်းကွန်ကရစ်လမ်းခင်းခြင်းနှင့်​ ဒေဇီလမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကျိုက်ဒုံ ဇန်နဝါရီ  ၁၄

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၇.၃)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃) ရပ်ကွက်၊ ဇီဇဝါလမ်းကွန်က ရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိရာလမ်းပေအရှည် ၃၂၀ ပေ၊ အကျယ် ၁၀ပေ၊ ၆ လက်မထုရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ- (၂)ဦးဟန်ဝင်းချိုမှကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့ အမှတ်၃ရပ်ကွက် ဒေဇီလမ်းခွင့်ပြုရန်ပုံငွေ(၈.၈၅၀)ကျပ်သန်း၊ ကွန်ကရစ်လမ်းပေး အရှည်၄၇၀ ပေ၊ အကျယ်၁၀ပေ၊ ၆ လက်မထု ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ရာမှာရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း ကျိုက်ဒုံမြို့ စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)