GAP စိုက်နည်းစနစ်ဖြင့် ဖရဲသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ တောင်သူများ လယ်သီးထပ် ဖရဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (Good Agricultural Practices) စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးနိုင်ကြစေရန် အဆိုပါ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။