ကသာမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ကသာ  ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(၂)ကျောင်းတို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်(၆)နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကသာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာဖြေဌာန(၂)ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၅၈၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၄၅)ဦး ဖြေဆိုအောင်မြင်ကြောင်း၊ ‌အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၁.၉၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပညာရေးဌာနအနေဖြင့် ကသာခရိုင်တွင် မြို့နယ်(၇)မြို့နယ်ပါဝင်ပြီး ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထီးချိုင့်မြို့နယ်မှလွဲ၍ ကျန်(၆)မြို့နယ်တွင် ကျင်းပနိုင်ခဲ့ရာ ဖြေဆိုရန် စာရင်းပေးသွင်းသူ (၂၆၇၃)ဦး၊ ဖြေဆိုသူ(၂၀၀၈)ဦး၊ အောင်မြင်သူ(၇၉၉)ဦး ရှိပြီး ခရိုင်ချုပ် အောင်ချက်ရာခိုင်နှုန်းမှာ (၃၉.၇၉)ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)