ကျိုက်မရော၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေး

ကျိုက်မရော ဇွန် ၂၂

ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား အချိန်နှင့်တစ်ပြေးညီ လယ်သမားများ လက်ဝယ်ရောက်ရှိရေးနှင့် လယ်သမားများအချိန်မှန် စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲစီဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာလယ်ယာဖွံဖြိူးရေးဘဏ်ခွဲအနေဖြင့် ချေးငွေထုတ်ပေးရန် ကျန်ရှိနေသည့် ကဒါ ကျေးရွာမှ တောင်သူ (၇၇) ဦး၊ စိုက်ဧက (၄၅၁) ဧကအတွက် ချေးငွေစုစုပေါင်း(၆၇၆)သိန်း ၅ သောင်းကျပ် အား ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဘဏ်ဖွင့်ချိန်အတွင်း အချက်အလက်ပြည့်စုံသည့် လယ်သမားများအား စနစ်တကျ စီစစ်ကာ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း မြန်မာလယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်သီတာထွန်း ထံမှသတင်းရရှိသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)