ဦးစီးဌာန(ရုံးချုပ်)

လားရှိုးမြို့ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင် များမှ ဝန်ဆောင်မှုဆောင်ရွက်နေသောဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့၌ ရပ်ရွာအခြေပြု အသက်မွေး၀မ်းကြောင်း အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်း အနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာ အခြေပြု အသက်မွေး၀မ်းကြောင်း အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်ပွဲကို မေ ၂၇ ရက်နေ့ နံနက် ၁၀နာရီအချိန်က ညောင်ပင်ဆိပ်တိုးချဲ့-၂ ရပ်ကွက်၊ သာသနာ့ရောင်ခြည် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွှေတောင်စု‌ ခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရွှေတောင်စုခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာ အုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာရှိ ယာယီရှင်းလင်းဆောင်၌ပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့နယ်၌ မိုးရာသီအကြို သစ်ပင်(၁၅၀၀)ပင်စိုက်ပျိုး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပင်လောင်းမြို့နယ် သစ်‌တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များစုပေါင်း၍ ပျိုးပင်ပေါင်း (၁၅၀၀)ပင်ကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးသည်။

Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် e-Library Management System Software အသုံးပြုနည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာ ကြည့်တိုက်များအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေး အတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး e-Library Management System Software အသုံးပြုနည်းသင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

ကန့်ဘလူမြို့နယ်အတွင်း မိုးစပါး ၁၄၅၁၁၅ ဧက စိုက်ပျိုးရန်လျာထားပြီး တစ်ဧက ၈၅ တင်းနှင့်အထက်ထွက်ရှိရေး ဆောင်ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၅၁၁၅ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်လျာထားပြီး တစ်ဧက ၈၅ တင်းနှင့်အထက်ထွက်ရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံမှ မိုးစပါးဧက(၅၀၀)အတွက် ပျိုးထောင်ရေ စတင်ပေးဝေ

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင် တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံ ဆည်ရှိပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရင်းရှည်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာများ၌ မိုးစပါး စိုက်ပျိုးရန် လျာထားဧက(၅၀၀) အတွက် ပျိုးထောင်ရေကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးခဲ့ကြသော စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင်   ၂၀၂၂-၂၀၂၃   ပညာသင်နှစ်  မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ဟင်္သာတမြို့   ဥယျာဉ်မြောက် ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြိုယုကျေးရွာရှိ မြိုတိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စုတွင် တိုက်ပွဲရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် နေရာချထားပေးသည့် မြိုယုကျေးရွာသစ်၌ နေထိုင် လျက်ရှိသော မိသားစုများအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)