ဦးစီးဌာန(ရုံးချုပ်)

၁၀၅ နှစ် အမျိုးသားအောင်ပွဲနေ့အခမ်းအနား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ကျင်းပ

၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များဖြစ်သည့် ပုလော၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ကလေး၊ လွိုလင်၊ စစ်ကိုင်း၊ စဉ့်ကိုင်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ကျိုက်လတ်၊ သုံးခွ၊ ဝါးခယ်မ၊ ကျွန်းလှ၊ သဲကုန်း၊ ဘိုကလေး၊ မချမ်းဘော၊ အိမ်မဲ၊ တမူး၊ လဲချား၊ ဇီးကုန်း၊ ကျောက်တံတား၊ ကြည့်မြင့်တိုင်၊ သံဖြူဇရပ်

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ ကျင်းပသည်။

မြိတ်ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင်  ဆောင်းသီးနှံ (မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်း) စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ပေးအပ်ပွဲနှင့်  မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည်။

ခေတ္တမွန်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြု အောင်ပွဲရယှဉ်ပြိုင်သူများအား ဂုဏ်ပြုကြိုဆို

၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူအဖွဲ့သားများအား အောက်တိုဘာလ ၁၄ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုရအဖွဲ့ရုံးရှေ့တွင် ခေတ္တမွန်ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသား၊ မွန်ပြည်နယ်သူ၊ ပြည်နယ်သားများက အောင်သပြေခက်နှင့် ဂုဏ်ပြုပန်းခြင်းများဖြင့် လှိုက်လှဲစွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ထပ်တိုးကြေညာထားမှုအား ပြည်သူများလာရောက်ကြည်ရှု၊ လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ

နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၂၀ ရက်အထိ ထပ်တိုးကြေညာထားမှုအား ပြည်သူများလာရောက်ကြည်ရှုခြင်းနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသည့် ဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့်အခမ်းအနားများကို အောက်တိုဘာ ၁၂ ရက်တွင် အမြို့မြို့အနယ်နယ်၌ ဆောင်ရွက်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်း/တံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်သော ရှောပြာ-အိုးဖိုကုန်းလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ

နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို  အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ

နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို  အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ

နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို  အောက်တိုဘာ ၇ ရက်က  ဆောင်ရွက်ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့ ဥပုသ်သီလဆောက်တည်ကြသူများနှင့် ကုသိုလ်ပြုသူများဖြင့်စည်ကား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဥပုသ်သီလဆောက်တည်ကြသူများနှင့် ကုသိုလ်ပြုသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)