စစ်ကိုင်းမြို့တွင် ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း ဇူလိုင် ၂၂

စစ်ကိုင်းခရိုင်၊ မြို့နယ်စိုက်ပျိုးတိုးမြှင့်ရေး ညှိနှိုင်းတိုးမြှင့်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနံက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးတိုးမြှင့်ရေး ညှိနှိုင်းတိုးမြှင့်ရေးကော်မတီဝင်များက မိမိတို့ဌာနများအလိုက် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဝါစိုက်တောင်သူများမှ မိမိတို့လိုအပ်ချက်များအား တင်ပြကြရာ  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)