ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒဂုံတက္ကသိုလ်၊  သန့်ရှင်း သာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်၊ သန့်ရှင်းသာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ဒဂုံတက္ကသိုလ်အတွင်းရှိ အုပ်ဆိုင်းနေသည့် သစ်ပင်များအား အလင်းဖွင့်နေမှု၊ သစ်ပင်များအား သပ်ရပ်ညီညာလှပစေရေးအတွက် ရှင်းလင်းနေမှု၊ သစ်ပင်အောက်တက်များအား ရှင်းလင်းနေမှု၊ ပတ္တမြားအဝိုင်းအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့် ရှင်းလင်းနေမှုနှင့် အား ကစားကွင်းအား သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဆောင်ရွက်နေမှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)