သန်လျင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက  ဘိုးရာဇာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းက အဖွင့်အမှာစကား ပြောကြားပြီး ဆရာမတစ်ဦးမှ "အာဇာနည်နေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် ဟောပြောသည်။

ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ကျပန်း၊ ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာများ ကျောင်းအကျိုးဆောင်များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ကျပန်း၊ပန်းချီပြိုင်ပွဲများတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)