ဦးစီးဌာန(ရုံးချုပ်)

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ကျိုက်လှ) ၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‌ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ပုဇွန်တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က လာရောက်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို‌ဂုဏ်ပြုသောအားဖြင့် ကော့သောင်း ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး‌ကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပသည်။

ပင်လုံမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို အမှတ်(၁)ရပ်ကွက်ရုံး၌ ယမန်နေ့ ညနေ (၄)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်အသီးသီးရှိ မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပြည်တွင်းမဲဆန္ဒရှင်များနှင့် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် ပြင်ပရောက်ကြိုတင် ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးရှိ မြို့နယ်များတွင် ကျင်းပလျက်ရှိပါသည်။

မြို့နယ်များအလိုက်  မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများဆောင်ရွက်

ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျကိုင်တွယ် အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသမှုများကို မြို့နယ်အလိုက်ဆောင်ရွက်နေမှုများကို စုစည်း ဖော်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲများကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးရှိ မြို့နယ်များတွင် ကျင်းပလျက်ရှိပါသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့တွင်းမြို့ပြင်လမ်းများ သာယာလှပရေး၊ ရပ်ကွက်များအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ရပ်ကွက်များ အလိုက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် ကောက်ခံရမည့် အခွန်၊ အခ၊ အကောက်များကို လျာထားချက် ပြည့်မီကျော်လွန်အောင် အလေးထားကောက်ခံကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)