ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေး
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။