ဝေးလံခေါင်ဖျားဒေသသတင်းများ

လိုင်လင်းပီမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့တွင်းလမ်းမီးများစတင်တပ်ဆင်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း(၁၀.၅၅၀)ဖြင့် မြို့တွင်းလမ်းမီးများ တပ်ဆင်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှစ၍ မြို့လျှပ်စစ်မှူးရုံးမှ စတင်တပ်ဆင် လျက်ရှိကြောင်းသိရသည်။

တွန်းဇံမြို့၌ ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် သတ်မှတ်ထားသည့် စုရပ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းအမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခဲ့ရာ ဇန်နဝါရီ ၂၇ ရက်နေ့က  ကျောက်ဆည်မြို့မှ ဝင်ရောက်လာသည့် (၁၂)ဘီးကုန်တင်ယာဉ်မောင်း အမျိုးသား(၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ဖလမ်းခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၁)ပြုလုပ်

ဖလမ်းခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက် ၁၁ နာရီက ဖလမ်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည် ပြုလူနာ (၆)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၆)ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။

ခိုင်ကမ်းမြို့ လူထုအခြေပြုဗဟိုဌာနတွင်  အမျိုသမီးအိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန တွင် မြို့အမျိုးသမီးရေးရာအဖွဲ့နှင့် SACC (Social Action For Communities Changes)တို့ပူးပေါင်းကာ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

တီးတိန်၌ ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး COVISHIELD ကို ယနေ့နံနက် ၉ နာရီက သတ်မှတ်ထားသည့် စုရပ်နှစ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး က သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။

ရေဇွာမြို့ ရပ်ကွက်(၄)ရပ်ကွက်၌ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်း

ချင်းပြည်နယ်၊ ရေဇွာမြို့ရပ်ကွက်(၄)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၊ ရွာသစ်မြို့ သံလွင်မြစ် အနောက်ဘက်ကမ်းကုန်းပေါ်ရှိ ရှေးဟောင်းပေါ်တော်မူ တာဆန်းလဲ စေတီတော်သမိုင်း

တာဆန်းလဲ ဘုန်းတော်ကြီးကျောင်းသည် ရွာသစ်မြို့မှ (၃)မိုင်ခန့် သံလွင်မြစ် အနောက်ဘက် ကမ်းကုန်းပေါ်တွင် ဇရပ်တစ်ဆောင်နှင့်အတူ ယခင်က တည်ရှိခဲ့ဖူးကြောင်း၊ ကျောင်းမှာ သားနားထည်ဝါ လှသည်ကား မဟုတ် ကြောင်း၊ ပျဉ်ထောင်အင်ဖက်မိုး ကျောင်းဆောင်လေး သာဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော် အဆက်ဆက် သီတင်းသုံး၍ သာသနာပြုခဲ့ကြောင်း သိရသည်။

ဖလမ်း၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဖလမ်းမြို့နယ်၊ အဲလ်မွှန်ပီးကျေးရွာတွင် အကောင်အထည်အဖော် ဆောင်ရွက်မည့် ကျေးရွားဖွံ့ဖြိုးရေး စီမံကိန်း (Village Development Plan) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် သင်တန်းသား ရွေးချယ်ခြင်း လုပ်ငန်းများကို ယမန်နေ့က ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ