အမြို့မြို့အနယ်နယ်သတင်းများ

ပျဉ်းမနားမြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများကိုယ်တိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ရက်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး‌ ဒေါ်ဆုယဉ်မြင့်၊  ဒုတိယညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းပိုင် မြေအဆာက်အဦပိုင်ဆိုင်သည့် အသင်း ၁၈  သင်းတို့မှ ဥက္ကဋ္ဌနှင့် အမှုဆောင်များတက်ရောက်ကြကြောင်းသိရသည်။

တောင်ငူမြို့ မဟာမုနိကေလဇာတီစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ မဟာမုနိကေလဇာတီစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပွဲအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မဟာမုနိကေလဇာတီစေတီတော်၌ ကျင်းပသည်။

ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများမှ နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး/ပျက်စီးနေသူ ပြည်သူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် ပူးပေါင်းလျက် ယနေ့နံနက် (၁၀) နာရီ အချိန်ကစ၍ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၂)ရပ်ကွက်၊ အမကကျောင်းတို့၌ ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရေးအတွက် နိုင်ငံသား မှတ်ပုံတင်ကတ် ပျောက်ဆုံး/ပျက်စီးနေသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာရှိ ဒေသခံအစုအဖွဲ့ပိုင် ဝါးစိုက်ခင်းသို့ AFOCO REATC ဝါးပစ္စည်း ထုတ်ကုန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများလာရောက်လေ့လာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာန စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ မြောက်ချောင်ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဝါးစိုက်ခင်း(၁၂၅)ဧကသို့ ယနေ့နံနက်ကAFOCO REATC ဝါးပစ္စည်း ထုတ်ကုန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦးနှင့် သင်တန်းဆရာ/ဆရာမ(၅)ဦးတို့ပါဝင်သော သင်တန်း ကျောင်းလေ့လာရေးအဖွဲ့များက လာရောက်လေ့လာနေကြကြောင်းသိရသည်။

မှော်ဘီမြို့နယ် အထူးဇုံကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေး 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုံ၌ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် C12(M0,M1) ကြား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေ သကြီးကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များက တန်ငူ့ကျေးရွာအုပ်စု၊ ခေတ်မီစံပြကွမ်းခြံချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

မင်းလှမြို့နယ်တွင်  (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၁ရက်မှ ၃၀ရက်အထိ ကျင်းပမည်

မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ (၂၁)ရက်မှ (၃၀)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သာကေတမြို့နယ်၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပရေးစီစဉ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် ၇/ဈေးလမ်းရှိအထက(၂)ကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များညှိနှိုင်းခြင်းကို  အောက်တိုဘာ ၂၅ ရက် မွန်းလွဲ  ၂ နာရီက  ကျင်းပသည်။

နောင်ချိုမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်-၃ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်-၃ ဖြင့် အောက်တိုဘာ ၂၅ရက်က အထက(၁) ၌ ဇီဝအချက်အလက်များကောက်ယူ၍ e-ID ကတ်များ ဆောင်ရွက်သည်။

စမ်းချောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်‌‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်‌နေ့မွန်းလွဲ (၂) နာရီက အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ