ခန္တီး မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ဗျူဟာအဖွဲ့အခြေချ(ခန္တီး)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်က အဖွင့်အမှာစကားပြောကြားရာ အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်နေနဲ့ အိမ်တွင်းမှုသင်တန်းကျောင်းများ ဖွင့်လှစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ တိုင်းရင်းသူအမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုအတတ် ပညာများတိုးပွားစေရုံသာမက လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှုလျော့ချလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ့်စိုးက သင်တန်းနှင့်ပတ်သက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ခန္တီး)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမများ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းသူစုစုပေါင်း(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ(၄-၅-၂၀၂၆) ရက်နေ့မှ (၂-၁၀-၂၀၂၆) ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။
ကမ်းကီး(ပြန်/ဆက်)