အမြို့မြို့အနယ်နယ်သတင်းများ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား လာရောက်ရှင်းလင်းတင်ပြ 

တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား လာရောက်ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဧပြီ ၂၇ ရက် မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်းဆင်း

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်း ဓမ္မပညာဆရာမများက ဦးဆောင်၍  ကလေးသူငယ်များ နွေရာသီအားလပ်ရက်များတွင်  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းကို  ဇိုင်ယာန်းနှစ်ခြင်းအသင်းတော်၏ အဖွဲ့ငယ်(၇)ဖွဲ့က ဧပြီ(၆)ရက်မှ(၂၆)ရက်အထိဖွင့်လှစ်ပြီး သင်တန်းဆင်းပွဲကိုယမန်နေ့ညနေ(၄)နာရီက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းတွင် ဆောင်ရွက်သည်။

ကော့ကရိတ်မြို့တွင် လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သစ်ပင်လဲကျ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ ၄ နာရီက အမှတ်(၁)ရပ်ကွက်၊ ချောင်းတောင်ရပ်၊ ဝဏ္ဏလမ်းနေ ဦးပန်းလွင်၏ အိမ်ပေါ်သို့ ၃ပေပတ်လည်ခန့်ရှိ သရက်ပင်လဲကျမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၌ မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး” ဓာတ်ပုံနှင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးပးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး)တို့ပူးပေါင်းကျင်းပသည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး” ဓာတ်ပုံနှင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျောက်ဆည်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင်  ပြုလုပ်သည်။

ဘုတ်ပြင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ မူလွန်ကျောင်း၌ကျင်းပရာ  မူလွန်ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျေးရွာနေပြည်သူများနှင့်ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူများ စုစုပေါင်း (၁၀၅)တက်ရောက်သည်။

တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမျိုး ကျောက်ဆည်မြို့နယ်ရှိ နွေစပါး၊နွေနှမ်းနှင့်ဝါမျိုးစေ့ထုတ် စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမျိုးနှင့် လွတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတိုင်းစိုက်ပျိူးရေးဦးစီးမှူး၊ ဒု-တိုင်းစိုက်ပျိူးရေးဦးစီးမှူး၊ ခရိုင်ဦးစီးမှုးတို့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာတွင် စိုက်ပျိုး ထားသော နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၊ ကုလကျေးရွာတွင် စိုက်ပျိုးထားသော နွေနှမ်း မျိုးစေ့ထုတ်စိုက်ခင်းများနှင့် လွန်ကျော်ဝါသီးနှံသုတေသနနှင့်ဖွံ့ဖြိုးရေးခြံတွင် စိုက်ပျိုးထားသော ဝါမျိုးစေ့ ထုတ်စိုက်ခင်းများအားကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များ ပုသိမ်ကြီးမြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လွှတ်တော်ကိုယ်စား လှယ်များသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် တွေ့ဆုံပွဲအခမ်းအနားကို ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ် မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်သည် ဧပြီ ၂၆ ရက် နံနက် ၉ နာရီခွဲက မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြစ်သားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး(မြစ်သား)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့၀င်း(တံတားဦးမြို့နယ်)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်(ကျောက်ဆည်)တို့နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မြစ်သားမြို့နယ်၌လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ