ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့သို့ တက်ရောက်၊ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းတွင် ကူညီပေးသူများအား ဂုဏ်ပြု
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို သိရှိနားလည်ပြီး ဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့ကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။