‎မဟာ‌အောင်မြေမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး‎

မဟာအောင်မြေ ဇွန် ၄

မဟာ‌အောင်‌မြေမြို့နယ်အတွင်းရှိ ရပ်ကွက်သို့ ကွင်းဆင်း၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ  ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့နံနက် ၉ နာရီက စတင်ပြီး အပတ်စဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် မြို့ပေါ် ၁၈ ရပ်ကွက်ရှိ မွေးကင်းစမှ(၁)နှစ်ခွဲအောက်ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား အပတ်စဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

‎‎အောင်ဇော်မင်း