ဒဂုံ ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာဘုရားအတွင်းရှိ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဒဂုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးမျိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန် ဦးစီးမှူး ဦးငြိမ်းချမ်းဗိုလ်က အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို အခွန်ထမ်းပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက အခွန်ဆောင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)