ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ ငွေပေးအပ်ပွဲအခမ်း အနား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိုက်ထိုက်ဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းနှင့်အတူ တက္ကသိုလ်အဆင့် ၉ ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေတစ်သိန်းကျပ်နှုန်းဖြင့် ငွေ ကိုးသိန်းကျပ်၊ အထက်အတန်းအဆင့် ၈ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ ငွေ ခုနှစ် သောင်းကျပ်နှုန်းဖြင့် ငွေ ငါးသိန်းခြောက်သောင်းကျပ်၊ အလယ်တန်းအဆင့် ၁၃ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ငါးသောင်းကျပ်နှုန်းဖြင့် ခြောက်သိန်းငါးသောင်းကျပ်၊ မူလတန်းအဆင့် ၃၃ ဦး အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသောင်းကျပ်နှုန်းဖြင့် ငွေ ကိုးသိန်းကိုးသောင်ကျပ်၊ စုစုပေါင်း ဝန်ထမ်း သား/သမီး ၆၃ ဦးအား ပညာသင်ထောက်ပံ့ငွေ သုံးဆယ့်တစ်သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)