ရွှေသောင်ယံ ဇွန် ၂
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင်၊ ယနေ့နံနက် (၉)နာရီခွဲအချိန်က မွေးကင်းစ နှစ်လ အရွယ်မှတစ် နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို အမှတ် (၂)ရပ်ကွက်၊ ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးဝန် ထမ်းများမှ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးတွင် ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသဲရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေး ရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) စသည်ဖြင့် ကာကွယ်ဆေး အမျိုးမျိုးပါရှိပြီး ကျန်းမာရေးဝန် ထမ်းများမှကလေးများ၏ အသက်အရွယ်အလိုက် ဆေးတိုက်၊ ဆေးထိုးခြင်းများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုကဲ့သို့ကာကွယ်ဆေးများထိုးနှံပေးရာသို့ ရွှေသောင်ယံမြို့၊ အမှတ်(၁၊၂၊၃) ရပ်ကွက် ရှိကလေးငယ်များ၊ ကလေးမိဘများ ကိုယ်ဝန်ဆောင်မိခင်များ လာရောက်ခဲ့ကြသည်။
ကိုကိုမောင်