ကျုံပျော်မြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်သင်တန်းဖွင့်လှစ်

ကျုံပျော်   ဇွန်   ၄

ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ  အကြိုအခြေခံမီးသတ် ပညာသင်တန်း (၂/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို  ကျုံပျော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌  ဇွန်လ ၂ ရက်နေ့နေ့နံနက်က ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌အောင်စိန်ဘွင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

သင်တန်း၏ ရည်ရွယ်ချက်မှာ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်များပြည့်ဝ စေရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဈေးနှင့်စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်ဖြစ်ပြီး၊ သင်တန်းသား ၃၅ ဦးအား ငါးရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)