အမြို့မြို့အနယ်နယ်သတင်းများ

တွံတေးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကွန်ကရစ်တံတားအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံ‌ငွေဖြင့်ဆောင်ရွက်သည့် ကလီထော်-ရေကျော်-တွံတေး-လှိုင်သာယာလမ်းမကြီးပေါ်တွင် (၁၂) m ကွန်ကရစ်တံတား (၁) စင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအ‌ခြေအနေကို သန်လျင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ) ၊ အရည်အသွေးစစ်ဆေးရေးတာဝန်ခံတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သတင်းရရှိသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာ ဧက ၁၂၀၀ ကျော်လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချစေရန်အတွက် ယခုနှစ် ဆောင်းရာသီ၌ နေကြာဧက ၁၂၀၀ ကျော်လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငါးသိုင်းချောင်းမြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) အိတ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲရေး နည်းပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တံခွန်တိုင်အုပ်စု၊ တံခွန်တိုင်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဗုဒ္ဓတစ်ထောင် အကောက်တောင်မုခ်ဦးဖွင့်ပွဲအခမ်းအနားအားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)၊ ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် မြန်အောင်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)၊ ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆိုလာမီးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ၊ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna Vinnikova  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ ပုထိုးများ  ဖူးမြော်လေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒေသတွင်းဈေးကွက်စီးပွားရေး၊ နိုင်ငံခြားစီးပွားဆက်သွယ်မှုနှင့်ခရီးသွားလုပ်ငန်းဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna Vinnikova ပါ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ပုထိုး၊ စေတီများ ဖူးမြော်ကြည်၍ လေ့လာရေးခရီးလာရောက်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း ‌‌စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်အတွင်း  တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ